ဩစတြေးလျရဲ့ တရားရေး စနစ်ကို နားလည်အောင်လုပ်ခြင်း

Australia legal system

တရားဥပဒေရှေ့မှောက်တွင် တန်းတူညီမျှမှုနှင့် တရားမျှတမှုတို့သည် သြစတြေးလျတရားစီရင်ရေးစနစ်တွင် လိုက်နာရမည့် အခြေခံမူနှစ်ရပ်ဖြစ်သည်။ Source: Pixabay

Get the SBS Audio app

Other ways to listen

ဥပဒေစိုးမိုးဖို့၊ တရားမျှတမှုရှိဖို့နဲ့ နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ ကာကွယ်ဖို့အတွက် ရည်ရွယ်ပြီး ဩစတြေးလျရဲ့ တရားရေးရာစနစ်ကို လုပ်ဆောင်ရေးဆွဲထားပါတယ်။


ဩစတြေးလျနိုင်ငံမှာ ပြည်နယ် ၆ ခုနဲ့ အထူးဒေသ ၂ ခု ရှိပြီး Federal နိုင်ငံဖြစ်တဲ့ အတွက် ပြည်နယ်တိုင်း ဒေသတိုင်းမှာ သူ့အစိုးရနဲ့၊ သူ့ဖွဲ့စည်းပုံနဲ့ သူ့တရားရေး စနစ်နဲ့သူ ရှိပေမဲ့ ဖက်ဒရယ်ရဲ့ ဥပဒေ တည်ဆောက်မှုအလိုက် လုပ်ကိုင်ကြတာ ဖြစ်ပါတယ်။

Share